မာတိကာ

အရိယသစ္စာရီစာစဉ် တောင်းခံခြင်း
မတရားရဲ့ဆန့်ကျင်ဘက်ကို ရှာဖွေတွေ့ရှိခြင်း
ရောဂါပျောက်အောင်သာကုပါ
အရှင်ဥာဏ(ဓမ္မဝိဟာရီ) သို့ အမှတ်တရ
ဘဝနှင့်ရင်းလိုက်ရသော… ယုံကြည်မှုများ….
ဘာ့ကြောင့်ဆင်းရဲနေကြတာလဲ
ကိုးကွယ်မှုမှ ရုန်းထွက်ခြင်း
တရား၏ အာရုံ
လှူတတ်သူတို့ နှလုံးသား
အရိယသစ္စဒဿနသို့ ကိုင်းညွှတ်ခြင်း
ကမ္ဘာကြီးကို အလင်းတံခါးဖွင့်ပေးသူ
မှောင်လိုက်တာ . .
ကံချင်းကတော့ မတူပါလေ၊
လူသားကျေးဇူး . . .
နှစ်ဆူဗုဒ္ဓ ဖြစ်ခဲ့ရ. . .





လေ့လာစရာ Post များ
01_ ဗုဒ္ဓ၏ အရိယသစ္စာလမ်းညွှန်
02_အရိယသစ္စာ ဗုဒ္ဓဘာသာ အညွှန်း
03_ ဘုရား မဟော၊ မပြောတာကို မယူစေလို
04_ပစ္စုပ္ပန် ကမ္မ၀ါဒ ဗုဒ္ဓဘာသာ
05_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၁)
06_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၂)
07_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၃)
08_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၄)
09_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၅)
10_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၆)
11_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၇)
12_သေပြီးနောက် ဖြစ်/မဖြစ်
13_မိုးပြာဆိုသည်မှာ ဒီလိုပါ။
14_ဗုဒ္ဓဘုရားကို ငိုစေခြင်း (သို့)
ကျွန်တော် တမိတဲ့ ဗုဒ္ဓ
15_မစိုးရိမ်စာသင်သားသို့ ကျေးဇူးတင်ခြင်း
16_ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ဓမ္မ၀ိဟာရီဆရာတော်
17_လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ငြိမ်းချမ်းရေး
18_ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ချင်လျှင်
19_သာသနာဆိုတာ လူသားအတွက်လား၊ လူသားသည် သာသနာ အတွက်လား
20_သရဏဂုံအား ချဉ်းကပ်ခြင်း
21_၀ါရိတ္တသီလ နှင့် စာရိတ္တသီလ
22_စဉ်းစားစရာလေးများ (၁)…
23_စဉ်းစားစရာလေးများ (၂ )…
24_စဉ်းစားစရာလေးများ (၃)…
25_ငါလည်းမရှိတော့ဘူး….
26_ကြောင်းကျိုးဆိုတာ ဒီလိုလား?..
27_Religious elder sentenced to 20 years in jail for peaceful practice of faith
28_ မိုး​ပြာ​ရောင်ဘုန်း​ကြီး​ မတရား​သဖြင့်​ ​ထောင်ဒဏ်ချမှတ်ခံ​နေရ
29_စဉ်းစား စာရာလေးများ (၄)…
30_စဉ်းစား စာရာလေးများ (၅)…
31_စဉ်းစားစရာလေးများ (၆)…
32_အပိုနဲ့ အလိုတွေဟာ ၀န်ထုပ်ဝန်ပိုးတွေပါ..
33_လွတ်သင့်တာက . . ဘယ်ကလဲ
34_“သေပြီးနောက် အကြောင်း ဗုဒ္ဓဘုရား မဟောကြားခဲ့ပုံ” သုတ္တံတရားများ
35_သံဃမဟာနာယက အဖွဲ့က မိုးပြာဆရာတော်ကို အနိုင်ကျင့် ထောင်ချသလား
36_အချိုမှုန့်ပမာ ယနေ့ခေတ်ဝိပဿနာ
37_ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ပထမပိုင်း)
38_ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ဒုတိယပိုင်း)



ယခု စာဖတ်နေကြသူများ







လာရောက်စာဖတ်ကြသော
နိုင်ငံများ

free counters







                 ဘာသာတရားဆိုတာကို…မိရိုးဖလာအတိုင်း .. ဖြတ်လျှောက်ခဲ့တဲ့အချိန်တွေကို တွက်ကြည့်မိတိုင်း … ကိုယ်တိုင်မှရိုးသားရဲ့လားဆိုသောအတွေးတို့သည် … ခုတော့…ရှင်း သွားလောက်ပြီဟု… ယုံကြည်မိတော့သည်။

                 ဟုတ်ပါသည်..။ သေပြီးနောက်ဆိုတဲ့..ကံ..ဒဿန..။
                 မသေခင်ရှေ့ဘဝ…ဆိုတဲ့..ကံ..ဒဿနဆိုတာကို…အသိရှိရှိသက်တန်းမှာ ..
ရမ်းသမ်း … လျှောက်လှမ်းခဲ့ရတယ်ဆိုတာ … သဘောလည်သွားတဲ့ .. ခုချိန်မှာ …. ပြန်စဉ်းစားမိပုံက … ဘုရားက..သတ္တဝါသေပြီးရင် .. ဖြစ်သေးသလား..ဒါမှမဟုတ် … မဖြစ်တော့ဘူးလား …။ ဒါမှမဟုတ် .. တစ်ချို့ဖြစ်ပြီး .. တစ်ချို့ကမဖြစ်တော့ဘူးလား … … စတဲ့…… တခြားပညာရှိတွေရဲ့အမေးတွေကို… ငါ…အဲ့ဒါတွေကို..မယူဘူး….လို့…ဘာကြောင့်ပြောသတုန်း..ပေါ့..။
အေး..တဲ့…။ အဲ့ဒါတွေက..တရားနဲ့မှ..မစပ်လျဉ်းတာ..တဲ့..။

( အဗျာကထန သုတ်ဆိုတဲ့…ဘုရားမဖြေခဲ့တဲ့အမေးတွေကလည်း…များလိုက်တာ..(၇၂)…သုတ်လို့တောင်ရှိတယ်လို့သိရတယ်..။)

ကဲ…ထားဗျာ..။
ခုလက်ရှိ…တရားဓမ္မတွေကို..ညွှန်ပြပြောဆိုနေတဲ့…ဆရာတော်တွေကို..ကြည့်လိုက်ပါအုံး…။
ဘုရားက…တရားနဲ့မစပ်လို့…မဟောဘူးလို့..ပြောထားပါလျက်နဲ့… ခုလိုပြုရတဲ့..ဒါန..သီလ..သမထ…ဘာဝနာကြောင့်….. ယခုဘဝ တွင် .. တရားမရနိုင်သည့်တိုင်. .သေပြီးနောင်ဘဝများတွင်…ဧကန်မုချ…တရားရမည့်..ပါရမီအဟုန်များ….ရရှိပြီး… ဖြစ်လေရာဘဝတိုင်းတွင် လည်း….စသဖြင့်…ပြောဟောနေကြတာကို…တွေ့ရမှာပါ..။

အဲဒါ…လုံးဝမရိုးသားချက်လို့ပြောရမှာပါ..။

ဘာ့ကြောင့်လဲလို့ဆိုတော့… ရဟန်းတွေရဲ့ဝိနည်းမှာ..မိမိအမှန်တကယ်…မသိမြင်ဘူးပါလျက်… သိမြင်ဘူးသယောင် ..ပြောဆို ရင် ..အာပတ်သင့်တယ်..လို့… ပါရှိကြောင်း..မှတ်သားဘူးတယ်…။


ဟိုတုန်းက..ဘာရယ်မသိပဲ..ကိုယ်လည်း…ယုံကြည်ခဲ့ဘူးပေမယ့်….။ ငါတော့..တကယ်ကို… အေးချမ်းတဲ့..တရားတွေနဲ့…လောကမှာ. .နေပျော်အောင်..အေးချမ်းအောင်..ကြိုးစားတော့မယ်…ဆိုတော့မှ…အဲဒီ… ရှေ့ဘဝ..နောက်ဘဝ..အကြောင်းတွေကို …စဉ်းစားနေ ခြင်းက …ယခုမျက်မှောက်..မသေခင်မှာတင်…တရားသိမြင်ပြီး… တရားရဲ့..အကျိုးတွေကို..ခံစားခွင့်တွေ ..ဆုံးရှုံးတဲ့… တား ဆီးပိတ်ပင်မှုတွေပါလားလို့… သိလိုက်ရပါတယ်…။
( ဒါကလည်း…ပြောရရင်…ခေတ်နဲအညီတွေးခေါ်လို့ရတဲ့..ယုံကြည်လို့ရတဲ့…တရားဂုဏ်တော်နဲ့လည်းကိုက်ညီတဲ့… ဓမ္မ၀ိဟာရီဆရာတော် ရဲ့…. လမ်းညွှန်ချက်ကြောင့်ပါပဲ..။)
ဘုရားရှင်ကလည်း…အဲဒါတွေ..စဉ်းစားနေလို့…တရားနဲ့စပ်တာမှ…မဟုတ်တာ..။ ဒါ့ကြောင့်…အဲ့ဒီ..သေပြီးနောက်…မသေခင်ရှေ့ဆိုတဲ့..ကိစ္စတွေကို..ငါမယူဘူးလို့…ပြောထားတယ်ဆိုတာကို… သိခွင့်ရလိုက်တာလည်း..တစ်ကြောင်းပေါ့။ အဲဒီအချက်တွေသိပါလျက်နဲ့လား…ဒါမှမဟုတ်…မသိချင်ယောင်ဆောင်နေတာလား…သို့မဟုတ်….အဲသလိုပြောရင်… စား၊ ဝတ်၊ နေရေးတွေ…ခက်ခဲမှာကြောင့်လား…ဗျာ…။ ဘာလို့များ…ဘုရားတပည့်ဖြစ်တဲ့.. သံဃာတွေက.. စကားထဲ … တရားထဲ…ထည့်မဟောကြတာလဲ..။ သတ္တိမရှိတာလား.. သိတတ်မှုကင်းတာလား…။
\ ဘယ်လိုပဲပြောပြောပါ..။ အဲဒီ..ရှေ့ဘဝ..နောက်ဘဝ..ကံ..အယူအဆတွေက … အိန္ဒိယနိုင်ငံမှာ …လန်ကွတ်တီတောင်မဝတ်ပဲ … ဗလာ ကျင်းပြီး … ကိလေသာကင်းတယ်လို့…ပြောဆိုနေထိုင်ကြတဲ့.. ဂျိန်းဘုန်းကြီးတွေရဲ့..ကံ..နဲ့ …. အတူတူဖြစ်နေတာကို … တစ်ခါလေ့လာမိ ခဲ့ပြန်တော့… ကိုယ်ဖြတ်သန်းခဲ့ရတဲ့… ဘာသာရဲ့..အလင်းစက်ဟာ…သာသနာစစ်မဟုတ်နိုင်သော…အဆုံးအမ… လွဲကြီး .. ဖြစ်နေသလားလို့ … ခံစားမိရင်း.. ဘုရား…မပြောပဲငြင်းဆိုခဲ့တဲ့…အဲ့ဒီ…အဗျာကထန..သုတ်တွေကို..လေ့လာမိခဲ့ပြန်တော့…. ကိုယ်တိုင်..ဘဝနဲ့ရင်းထားရတဲ့.. ယုံကြည်မှုတွေရဲ့…တစ်သက်စာ..အလွဲတွေကို…နာကျင်စွာနဲ့ …ရဲတင်းစွာ… စွန့်လွှတ်လိုက် တယ်..ဆိုရင်ပဲ……. လူဟာ..လွတ်လပ်ပေါ့ပါးသွားခဲ့ရပါတယ်…။ သေပြီးနောက်ကို..လုံးဝမစဉ်းစားမိတော့ဘူး…။ ဘာဖြစ်လို့လဲ…ပေါ့..။

စဉ်းစားမိတိုင်းလည်း…ဘုရားကို…သွားသတိရလို့ပါ..။ သူက…မယူဘူးတဲ့..။ မစဉ်းစားဘူးတဲ့..ပေါ့..။
ဒါဆိုရင်..မင်းဟာ…လုပ်ချင်ရာလုပ်…ထင်ရာဆိုင်းမယ့်…မြင်းရိုင်းလိုဖြစ်သွားမလား…။
ဟင့်အင်း…….ယုံကြည်တယ်..။ ဘုရားက..ပြောပေါ့… ခုလက်ရှိ ပစ္စုပ္ပန်ရပ်တည်ချက်တိုင်မှာ…ကိုယ့်ရဲ့..အပြော..အပြု..အနေ.. ဆိုတဲ့…ဝါစာ၊ ကမ္မန္တ၊ အာဇီဝ…မှာ….သမ္မာ( ရိုးသား) သလား၊ မသမ္မာ (ကောက်ကျစ် = ကာမ၊ ရူပ၊ အရူပကိလေသာ နဲ့နေထိုင် ရှင်သန်ခြင်း)သလား ဆိုတာကို..ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတိုင်းမှာ….
အမြင်မှန်(သမ္မာဒိဋ္ဌိ)၊ အတွေးမှန် (သမ္မာသင်္ကပ္ပ)..ဆိုတဲ့..ပညာမဂ္ဂင်ရယ်…
ကောင်းစွာနိုးကြားတဲ့(သမ္မာဝါယာမ)..၊ ကောင်းစွာကြိုးစားဆိုတဲ့..( သမ္မာသတိ) ၊
ကောင်းစွာစိတ်ထားဆိုတဲ့..(သမ္မာသမာဓိ) သမာဓိမဂ္ဂင်..
နှစ်ခုနဲ့..မမေ့မလျော့မပေါ့မဆ..နေထိုင်မယ်ဆိုရင်…ခုဘဝမှာတင်..အေးငြိမ်းရမှာတဲ့…။


ကြိုးစားမှာပေါ့…ဘာဖြစ်လဲ..။ ငြိမ်းချင်တာကိုး… အေးချင်တာကိုး….။
ဒါက…တရားဂုဏ်တော်ခြောက်ပါးနဲ့လည်း…မဆန့်ကျင်ဘူး….တဲ့..။ တရားဂုဏ်တော်ခြောက်ပါးနဲ့လည်း.. ညီညွတ်တယ်တဲ့…။

ကဲ..ထားပါဗျာ…ဒါက..ကိုယ့်အမြင်ပါ…ပြောချင်တာက…ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေ..နားလည်ထားကြတဲ့… ကံ..ဆိုတာတွေက…တခြားဘာသာဝင်တွေယူထားတဲ့… ကံ..တွေနဲ့..ဘာမှမထူးခြားဘူးဆိုတာ..သိရအောင်…ဓမ္မဝိဟာရီဆရာတော်… ရှင်ဉာဏ..ဟောကြားထားတဲ့… ဂျိန်းကံနဲ့…ဗုဒ္ဓကံ ဆိုတဲ့..တရားတော်ကိုသာ….နာကြည့်စေလိုပါကြောင်း…

ချစ်ခြင်းအားဖြင့်…….


                                                                                                                           မိုးချမ်းမြေ့
                                                                                                          ( thitsamoe097@gmail.com )



Ariyathitsa Share on Facebook
Share