မာတိကာ

အရိယသစ္စာရီစာစဉ် တောင်းခံခြင်း
မတရားရဲ့ဆန့်ကျင်ဘက်ကို ရှာဖွေတွေ့ရှိခြင်း
ရောဂါပျောက်အောင်သာကုပါ
အရှင်ဥာဏ(ဓမ္မဝိဟာရီ) သို့ အမှတ်တရ
ဘဝနှင့်ရင်းလိုက်ရသော… ယုံကြည်မှုများ….
ဘာ့ကြောင့်ဆင်းရဲနေကြတာလဲ
ကိုးကွယ်မှုမှ ရုန်းထွက်ခြင်း
တရား၏ အာရုံ
လှူတတ်သူတို့ နှလုံးသား
အရိယသစ္စဒဿနသို့ ကိုင်းညွှတ်ခြင်း
ကမ္ဘာကြီးကို အလင်းတံခါးဖွင့်ပေးသူ
မှောင်လိုက်တာ . .
ကံချင်းကတော့ မတူပါလေ၊
လူသားကျေးဇူး . . .
နှစ်ဆူဗုဒ္ဓ ဖြစ်ခဲ့ရ. . .





လေ့လာစရာ Post များ
01_ ဗုဒ္ဓ၏ အရိယသစ္စာလမ်းညွှန်
02_အရိယသစ္စာ ဗုဒ္ဓဘာသာ အညွှန်း
03_ ဘုရား မဟော၊ မပြောတာကို မယူစေလို
04_ပစ္စုပ္ပန် ကမ္မ၀ါဒ ဗုဒ္ဓဘာသာ
05_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၁)
06_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၂)
07_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၃)
08_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၄)
09_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၅)
10_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၆)
11_မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့်ပြာ (၇)
12_သေပြီးနောက် ဖြစ်/မဖြစ်
13_မိုးပြာဆိုသည်မှာ ဒီလိုပါ။
14_ဗုဒ္ဓဘုရားကို ငိုစေခြင်း (သို့)
ကျွန်တော် တမိတဲ့ ဗုဒ္ဓ
15_မစိုးရိမ်စာသင်သားသို့ ကျေးဇူးတင်ခြင်း
16_ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ဓမ္မ၀ိဟာရီဆရာတော်
17_လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ငြိမ်းချမ်းရေး
18_ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ချင်လျှင်
19_သာသနာဆိုတာ လူသားအတွက်လား၊ လူသားသည် သာသနာ အတွက်လား
20_သရဏဂုံအား ချဉ်းကပ်ခြင်း
21_၀ါရိတ္တသီလ နှင့် စာရိတ္တသီလ
22_စဉ်းစားစရာလေးများ (၁)…
23_စဉ်းစားစရာလေးများ (၂ )…
24_စဉ်းစားစရာလေးများ (၃)…
25_ငါလည်းမရှိတော့ဘူး….
26_ကြောင်းကျိုးဆိုတာ ဒီလိုလား?..
27_Religious elder sentenced to 20 years in jail for peaceful practice of faith
28_ မိုး​ပြာ​ရောင်ဘုန်း​ကြီး​ မတရား​သဖြင့်​ ​ထောင်ဒဏ်ချမှတ်ခံ​နေရ
29_စဉ်းစား စာရာလေးများ (၄)…
30_စဉ်းစား စာရာလေးများ (၅)…
31_စဉ်းစားစရာလေးများ (၆)…
32_အပိုနဲ့ အလိုတွေဟာ ၀န်ထုပ်ဝန်ပိုးတွေပါ..
33_လွတ်သင့်တာက . . ဘယ်ကလဲ
34_“သေပြီးနောက် အကြောင်း ဗုဒ္ဓဘုရား မဟောကြားခဲ့ပုံ” သုတ္တံတရားများ
35_သံဃမဟာနာယက အဖွဲ့က မိုးပြာဆရာတော်ကို အနိုင်ကျင့် ထောင်ချသလား
36_အချိုမှုန့်ပမာ ယနေ့ခေတ်ဝိပဿနာ
37_ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ပထမပိုင်း)
38_ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ဒုတိယပိုင်း)



ယခု စာဖတ်နေကြသူများ







လာရောက်စာဖတ်ကြသော
နိုင်ငံများ

free counters






                 မိမိသည် ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကပင် ဂေါတမဗုဒ္ဓရှင်တော်
မြတ်ဘုရားကို ကြည်ညိုလေးစားသော မိရိုးဖလာဗုဒ္ဓဘုရားကို ကြည်ညိုလေးစားသော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့ပါသည်။ သို့သော် မိမိသည် ထေရဝါဒ ဗုဒ္ဓဘာသာ ဝင် ဖြစ်သည်ဟု မသိပဲ၊ မိမိကိုယ်ကို “ ဗုဒ္ဓဘာသာကိုးကွယ်သူ” ဟုသာ အသိရှိခဲ့ ပါ သည်။

                  မိမိသည် ဘုရားဖြစ်တော်စဉ်ဟု ဗုဒ္ဓဘာသာဝင်အများ လက်ခံယုံကြည်နေ
သော “ ရင့် မှာတစ်ကျိတ်၊ နုမှာငါးရာ” ဟူသည့် ငါးရာငါးဆယ်ဇာတ်များကို မိဘ ဆရာသမား၊ ဦးကြီး၊ ဒေါ်ကြီးများက အိပ်ရာဝင်ပုံပြင်များအဖြစ် မြိန်ရှက်၊ ကျေနပ်နှစ်သက် ခဲ့ရပါသည်။

                  ထိုဇာတ်များက ရယ်ခိုင်းလျှင် ရယ်လိုက်၊ ငိုခိုင်းလျှင် ငိုလိုက်၊ ကြောက်ခိုင်း လျှင် ကြောက်ရွံ့လိုက်၊ အံ့သြခိုင်းလျှင် အံ့သြလိုက်၊ အံ့မခန်းဖြစ်လိုက်၊ မုန်းစေလျှင်လည်း မုန်းလိုက်၊ ချစ်စေလျှင်လည်း ချစ်လိုက်၊ အားကျစရာရှိရင်လည်း အားကျလိုက်နှင့် ထိုဇာတ က ပုံပြင်များကပေးသော ရသများကို တရှိုက်မက်မက်ဖြင့် စွဲလန်းခဲ့ရသည်။

                 ထိုဘုရားရှင်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ ပါရမီဖြည့်ရာတွင် သမ္မာ သဗ္ဗုဒ္ဓ ဘုရားနှစ်ကျိတ်လေးဆူ အထံ၌ နှစ်ဆယ့်လေးဘဝ၌သာ ဗျာဒိတ်အပေးခံရ ကြောင်း ရဟန်းဘဝ အနည်းငယ်မျှသာဖြစ်ကြောင်း၊ အငယ်ဆုံး သတ္တဝါအဖြစ် ငုံးထက် မငယ်၊ အကြီးဆုံးသော သတ္တဝါအဖြစ် ဆင်ထက်မကြီးကြောင်း….စသည်ဖြင့် ဖတ်မှတ် သိခဲ့ရ၊ နှလုံးသွင်းခဲ့ရပါသည်။

                 ထိုနှစ်ကျိတ်လေးဆူနှင့် ဂေါတမဗုဒ္ဓ ပဌမဗျာဒိတ်တော်ခံ ဒီပင်္ကရာဘုရားပွင့်သည် ကမ္ဘာ၌ဖြစ်သော လေးဆူသော ဘုရား များ အပါအဝင် နှစ်ကျိတ်ရှစ်ဆူသော ဘုရားရှင်တို့၏ ဖြစ်စဉ်များမှာ မိဘမျိုးရိုး….အစရှိသော လူပုဂ္ဂိုလ်အနေအထားများ အနည်းငယ် လွဲသည် မှအပ ဘုရားအားလုံး၏ ဖြစ်စဉ်များမှာ မယုံကြည်နိုင်လောက်အောင် တထပ်တည်း တူညီနေသည်ကိုလည်း တအံ့တသြဖတ် ရှုခဲ့ရပြန်ပါသည်။

                 ထိုမျှသာမက “ သုံးလူ့ရှင်ပင်… ကျွန့်ထိပ်တင်…” အစချီသော လယ်တီဆရာတော်ကြီး၏ ခုနှစ်နေ့ ဘုရားရားရှိခိုးဖြင့် သန္ဓေ၊ ဖွား၊ ထွက်၊ ပွင့်၊ ဟော၊ စံ….အစရှိသည့် ဘုရား ဖြစ်စဉ်များသည် “ လပြည့်နေ့” များ၌ချည်းဖြစ်၍ နေ့သင့်နံသင့် ခုနှစ်ရက်၊ ဗေ ဒင်နှင့် ကိန်းခန်းနှင့် အတိအကျ ကိုက်ညီနေသည်ကိုလည်း အံ့သြတကြီးဖြင့် သိမြင်ခဲ့ရပြန်ပါသည်။

                 ချုပ်၍ပြောရလျှင် ငယ်စဉ်က မိဘဘိုးဘွား၊ ဆရာသမား၊ မိကြီး၊ ဘကြီးများ၊ ဆွေမျိုး သားချင်းများကပေးသော ဘုရား၊ တရား၊ သံဃာနှင့် ပတ်သက်သောအသိဥာဏ်များ၊ စာပေဖတ်ရှုရာမှ သိရှိနားလည် ကျွမ်းဝင်ခဲ့ရသော ရတနာသုံးပါးနှင့် ပတ် သက်သော အသိဥာဏ်များသည် မိမိအား ကံ၊ ပါရမီ၊ ဘဝ၊ လောက၊ ဓမ္မ၊ သစ္စာ၊ နိဗ္ဗာန် စသည်များ၌ မိရိုးဖလာအသိ အမြင်များစွာကို ပေးခဲ့ပါသည်။

                 မိမိအသက်(၃၀)ကျော်မှစ၍ အသက်အရွယ်လျောက် ဗုဒ္ဓတရားကို ဆည်းပူးသောအခါ ထိုစာပေများ၌ ရှေ့နောက် မညီသော အပြောအဆို၊ အယူအဆများကို တွေ့လာရပါသည်။ ထိုရောအခါ မိမိ၌ ဘယ်ဟာကို အမှန်ဟု ယူရမည်ကို ဆုံးဖြတ် နိုင်သော ဓမ္မအသိဥာဏ်စွမ်း မရှိသောကြောင့် ဆန့်ကျင်ဘက်နှစ်ခုလုံးကိုပင် “ အမှန်တွေ ဖြစ်နိုင်သည်” ဟု ယာယီ အားဖြင့် မိမိနှလုံး သွင်း၍ သိမ်းဆည်းထားခဲ့မိပါသည်။

                 အကြောင်းမှာ အရေးကြုံ၍ သက်လုံကောင်းသည့်အခါ ထိုသဘောတရားတို့သည် မိမိကို ငြိမ်းချမ်းမှုပေးမည်ဟု ယုံကြည် ၍ဖြစ်ပါသည်။ အမှန်လည်း မိမိစိတ်ဆင်းရဲမှု၊ ကိုယ် ဆင်းရဲမှု၊ ကြုံလာရသည့်အခါ ထိုသဘောတရားတို့သည် မိမိအား “ တဒင်္ဂ ငြိမ်းချမ်းမှု” ကို ဖြည့်ဆည်းပေးခဲ့သည်ကို လက်တွေ့၊ မျက်တွေ့ ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း အေးချမ်းသည့်ခံစားမှု အရှိန် ကုန်လျှင် ပူပန်မှုကို ပြန်ဖြစ်စေသည်ကိုလည်း ဆန်းစစ်တွေ့ရှိလာသောအခါ ထိုသဘောတရားတို့၏ အရည်အသွေးကို မုချအမှန်ဟု လက်မခံနိုင်တော့သဖြင့် “ ဗုဒ္ဓဓမ္မစစ်” ကို တောင့်တလာမိပါသည်။ မိမိငယ်စဉ်က သိခဲ့သောအသိများ၊ စွဲငြိခဲ့သည့် အစွဲများကြောင့် “ ဗုဒ္ဓ” ကို ကြည်ညို လေးစားမှု မပြတ်သော်လည်း ထိုသဘောတရားများကို ဗုဒ္ဒ၏သဘောတရား အစစ်အမှန်ဟုတ်၊ မဟုတ် စီစစ်ဝေဖန်ချင်လာပါသည်။

                 မိမိဖတ်ရှုခဲ့သော ဗုဒ္ဓစာပေများမှ “ ဝီမံသကသုတ်၊ ကေသမုတ္တိသုတ်(ဝါ)ကာလာမ သုတ်” များ၌ ဘုရားရှင်က သူနှင့် သူ့တရားများကိုပါ စီစစ်ခိုင်းသည်များကြောင့်လည်းကောင်း၊ ဘုရားတရားဟူသည်များ၏ ရှေ့နောက်ဆက်စပ်မရ၊ ဆန့်ကျင်ဘက် အမြင်များကြောင့်လည်းကောင်း၊ အချို့ယုတ္တိမတန် လူမှ လွန်နေသော အဖြစ်များကြောင့်လည်းကောင်း၊ သင်ကြားခဲ့ရသော ခေတ် ပညာ၏ သိပ္ပံနည်းကျ ကြောင်းကျိုးဆက်စပ်မှု အမြင်များကြောင့်လည်းကောင်း၊ ဤသို့ စီစစ်ဝေဖန်လိုစိတ် ပေါ်ပေါက်လာရခြင်း ဖြစ် ပါသည်။

                 တောထဲမှ သမင်မသည် မနောမယ ပြည်တန်ပတ္တမြားရတနာကို တွေ့မြင်သော်လည်း တန်ဖိုးကို မသိသဖြင့် ယင်းကို မက်မော၊ နှစ်သက်မှုမရှိပါ။ ထို့ကြောင့် ထိုပတ္တမြားကိုပင် နှုတ်သီးဖြင့်ထိုးကော်၍ ပတ္တမြားအနီးမှ မြက်ကိုသာ မက်မက်မောမော သုံးဆောင်သကဲ့သို့ ရတနာမြတ်သုံးပါးကို မစီမစစ်၊ တန်ဖိုးမထားသူများသည်၊ အခြားအယူရှိသူများက အသက်ဥစ္စာ၊ ဂုဏ်သိရ်စည်း စိမ်၊ ကာမဂုဏ်တရားတို့ဖြင့် ဖြားယောင်းသိမ်းသွင်းသောအခါ၊ ဤရတနာများ၏ တန်ဖိုးမှန်ကိုမသိ၊ ပြည်တန်ရတနာကို ကျောက် ခဲသလဲမျှသာ တန်ဖိုးဖြတ်သဖြင့်၊ ပစ်ပစ်ခါခါ ပယ်စွန့်ခါ လွယ်လင့်တကူ အယူပြောင်းနိုင်ခြင်းဖြစ်ပါသည်။

                 ဤကား တန်ဖိုးမှန်ကို မစီစစ်ပဲ၊ ရတနာမြတ်သုံးပါးကို ရိုးရာအစဉ်ဖြင့် မကောင်းတတ်၍ ဖျာပေါ်လိပ်၊ ထိပ်ပေါ်တင်ခဲ့သူ ယနေ့ရိုးရာ ဗုဒ္ဓဘာသာဝင် လူပုထုဇဉ်တို့၏ မိမိအတွက် အသုံးမကျ၊ အသုံးမချတတ်သောအခါ ဦးထိပ်မှ ပစ်ပစ်ခါခါ ခါချသောအခါ မည်သို့မျှ မရိုးသော၊ မဟောင်းသော၊ မပြောင်းသော၊ လူ့သဘာဝ နိယာမတရားကို ထင်ရှားစေ ချက်ပင်ဖြစ်ပါသည်။

                 မိမိ အဘိဓမ္မာပညာကို အကျဉ်းနည်းဖြင့် သင်ကြားသိမြင်ပြီးနောက်၊ ဆည်းကပ်သော ကျေးဇူးရှင် ဆရာကြီးများက မိမိ အား ထိုသဘောတရား၏ အာဒီနဝများကို ထောက်ပြ၍ ဗုဒ္ဓဓမ္မစစ် မဟုတ်ကြောင်း အထောက်၊ အကိုးများနှင့် ရှင်းပြပါသည်။ မိမိ လမ်းမှား၍ မျက်စိလည်နေခြင်းဖြစ်ကြောင်း ရှင်းပြကာ “ အရိယသစ္စ ဒဿနသဘောတရား အမှန် ကို ” မိမိသင်ကြားထားသော အဘိဓမ္မာစာပေ၊ မိမိကိုယ်တွေ့ သဘောတရားများနှင့် နိုင်းယှဉ် စီစစ်စေပြန်ပါသည်။ မိမိဝေဖန် စီစစ်မှုအသိဥာဏ်ကိုလည်း မီးမောင်းထိုး လမ်းပြ၍ အသိမှန်ကို မြှင့်တင်ပေးကြပါသည်။ မိမိသည် မိမိရှိသည့် တရားအသိနှင့် စာအကိုး၊ အကောက်တို့ဖြင့် တစ်နှစ်ခွဲမျှ အချိန်ယူ ၍ ဘက်စုံ၊ ထောင့်စုံမှ တိုက်ဆိုင်၊ စီစစ်၊ ဝေဖန်၊ ခွဲခြားခဲ့ပါသည်။

                 ထို့နောက် ကျေးဇူးရှင်ဆရာများသည် ဗုဒ္ဓဓမ္မစစ်ကို မိမိယူဆထားသော ဗုဒ္ဓပယ်ခဲ့သော သဘောတရားတို့မှ မိမိအား လွတ်မြောက်စေလျှက် “ ဗုဒ္ဓဓမ္မစစ် အရိယသစ္စ ဒဿန အနှစ် ” ကို ကိုယ်တိုင်ကိုယ်ကျ သိမြင်ပန်ဆင်ထားသူ သပ္ပူရိသ သူတော် ကောင်းဆရာအရှင်ကို ဆည်းကပ်ခွင့် ရရှိစေခဲ့ပါသည်။

                 ကျေးဇူးရှင် ဆရားကြီးများနှင့် ထိုဆရာအရှင်၏ ဆုံးမသွန်သင်လမ်းပြမှုဖြင့် မိမိသည် မျက်စိလည်၊ လမ်းမှားပျောက်ကာ “ ဗုဒ္ဓဓမ္မစစ် ” ကို ပြက်ပြက်ထင်ထင် သိမြင်လာရပါသည်။ အရိယသစ္စဓမ္မကို ပရမတ္ထသစ္စာသဘောအမြင်မှ လွတ်ကင်းလျှက် နားလည် သဘောပေါက်ခဲ့ရပါသည်။

                 အရိယသစ္စဒဿနဟူသည် အမြင့်မြတ်ဆုံးသော လူသားအဖြစ်ကို ပေးစွမ်းနိုင်သည့် အမြင့်မြတ်ဆုံးသော လူသိက္ခာဂုဏ် ရည်လမ်းညွှန် ဥတ္တရိမနုဿဓမ္မ လူ့တန်ဖိုးဖြတ် ပညာဖြစ်ပါသည်။

                 အရိယသစ္စဒဿနပညာသည် မည်သည့်တိုင်းနိုင်ငံသား လူမျိုးနှင့်မဆိုလည်းကောင်း၊ ယောက်ကျား၊ မိန်းမ၊ အရွယ်ကြီး ငယ်၊ အရပ်ရှည်တို၊ အသားဖြူမဲ၊ ညိုရွှေဝါ မရွေး၊ သာမန်မှတ်ဥာဏ်ပညာနှင့် အသိစိတ်ရှိသူ မည်သည့်လူသားမဆို ကောင်းစွာသိ နားလည်နိုင်သည်ဖြစ်၍ လူသားအားလုံးတို့နှင့် အလျှော်ဖြစ်၍ ဝင့်ဆံ့သော ပညာရပ်ဖြစ်ပါသည်။ ဤအရိယသစ္စဒဿနအကျင့်သည် လူသားများ လိုက်နာကျင့်သုံးဖွယ်ရာ ကျင့်ဝတ် သိက္ခာ၊ တနည်းဆိုသော် ဝတ္တရားသီလ၊ လူမှုဘဝသီလ၊ အချုပ်ဆိုသော် “ စာရိတ္တသီလများ ” ဖြစ်ပါသည်။

                 “ အရိယသစ္စဒဿနအမြင် ” သည် ယနေ့လူသားတို့၌ ဖြစ်ပေါ်နေသော ဆန့်ကျင် တိုက်ခိုက်မှု ပြဿနာများ၊ အင်အား နည်းသူကို အင်အားကြီးသူက ဖိနှိပ်မှုပြဿနာများ၊ လူသားအချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ်နေသော ပြဿနာများ၊ ဒေသစစ်ပွဲ ကြီးများ၊ အစရှိသော လူသားပြဿနာများမှအစ အိမ်တွင်းရေး၌ လင်နှင့်မယား၊ သားသမီးနှင့် မိဘ၊ ဆရာနှင့် တပည့်၊ ဈေးရောင်း သူနှင့် ဈေးဝယ်သူ၊ အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ များ……စသည့် “ ဒွန်တွဲ လွန်ဆွဲနေသော လူလောက၏ လှုပ်ရှားနေသော လူမှု ဘဝများ ”၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး အစရှိသည့် အရေးမျက်နှာစာပေါင်း
မြောက်များစွာ၌ “ လူ လူချင်းဆက်ဆံရေး မသမာမှုတို့ကြောင့် ဖြစ်ပေါ်နေသော ပြဿနာပေါင်း သောင်းခြောက်ထောင် ”ကို ဆင့်ပွား ပြဿနာမဖြစ်စေပဲ ဖြေရှင်းပေးနိုင်သော ဖြေရှင်းပေးနိုင်သော “ တခုတည်းသော လောကအမြင် ” ဖြစ်ပါသည်။



                                                                                    ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာ ဥပသကာ




                   (ဆရာတော်ရှင်ဥာဏ သက်တော် (၇၀) ပြည့် ဓမ္မ၀ိဟာရီ ငွေရတုပူဇာ မဂ္ဂဇင်းစာစောင်မှ)



Ariyathitsa Share on Facebook
Share